ပင်မစာမျက်နှာ

Singapore ရောက်ပြီးနောက် အကူအညီ

Singapore ရောက်ပြီး အလုပ်အဆင်မပြေရင် ဘယ်လိုကူညီပေးမလဲ

Singapore မှာ အိမ်အကူအလုပ်သွားလုပ်တာဟာ လွယ်လွယ်ကူကူ စမ်းသွားကြည့်ရတဲ့အလုပ် မဟုတ်ပါဘူး။ အိမ်အသစ်၊ လူအသစ်၊ အလုပ်လုပ်ပုံအသစ်နဲ့ နေထိုင်ပုံအသစ်တွေကြောင့် အစပိုင်းမှာ လူပင်ပန်းတာ၊ စိတ်ပင်ပန်းတာ၊ အိမ်လွမ်းတာနဲ့ နားလည်မှုလွဲတာတွေ ဖြစ်နိုင်ပါတယ်။

ဒီစနစ်က နှစ်ဖက်လုံးအတွက် ဖြစ်ပါတယ်

ဒီစနစ်က အိမ်ရှင်ဘက်ကိုပဲ ကာကွယ်ပေးတာမဟုတ်သလို အိမ်အကူဘက်ကိုပဲ ကာကွယ်ပေးတာလည်း မဟုတ်ပါဘူး။

ဘာဖြစ်ခဲ့လဲ၊ မသွားခင် ဘာတွေသဘောတူထားလဲ၊ ဘယ်သူ့ဘက်က ဘာတာဝန်ရှိလဲဆိုတာကို ကြည့်ပြီးမှ ဆက်လုပ်ရမယ့်နည်းလမ်းကို ဆုံးဖြတ်ပါတယ်။


အလုပ်အဆင်မပြေတာရှိရင် စောစောပြောပါ

အဆင်မပြေတာကို အရမ်းဆိုးသွားတဲ့အထိ တိတ်တိတ်မနေပါနဲ့။ အောက်ပါအခြေအနေတွေရှိရင် mingalarSG ကို စောစောပြောပါ။

  • အိမ်ရှင်ပြောတာ နားမလည်တာ

  • အလုပ်လုပ်ပုံ မတူတာ

  • ကိုယ်မတတ်သေးတဲ့အလုပ်ရှိတာ

  • အလုပ်တာဝန်နားလည်မှု မတူတာ

  • အိမ်ရှင်နဲ့ ဆက်ဆံရေး မကောင်းလာတာ

  • စိတ်ဖိစီးမှုများလာတာ

အိမ်ရှင်ပြောတာတစ်ခုတည်းနဲ့ အိမ်အကူအပြစ်လို့ မဆုံးဖြတ်ပါဘူး။ အိမ်ရှင်ဘက်နဲ့ အိမ်အကူဘက်ကို သီးသန့်မေးမြန်းပြီးမှ အခြေအနေကို သေချာကြည့်ပါတယ်။


မသွားခင် အလုပ်အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောထားရမယ်

အိမ်ရှင်နဲ့ Interview လုပ်တဲ့အချိန်မှာ ကိုယ်သွားလုပ်ရမယ့်အလုပ်တွေကို သေချာမေးပြီး နားလည်ထားရပါမယ်။

  • ကလေးကြည့်ရမလား

  • သက်ကြီးရွယ်အိုကို ကူညီရမလား

  • ဟင်းချက်ရမလား

  • အိမ်သန့်ရှင်းရေး ဘယ်လောက်လုပ်ရမလဲ

  • အဝတ်လျှော်၊ မီးပူတိုက်ရမလား

  • ဈေးဝယ်ရမလား

  • အိမ်မွေးတိရစ္ဆာန် ကြည့်ရမလား

  • အိမ်မှာ လူဘယ်နှယောက်ရှိလဲ

  • ကိုယ်အဓိကတာဝန်ယူရမယ့်အလုပ်က ဘာလဲ

မလုပ်ဖူးရင် — မလုပ်ဖူးဘူးလို့ ပြောပါ။

မလုပ်တတ်သေးရင် — မလုပ်တတ်သေးဘူး၊ သင်ပေးရင် လေ့လာမယ်လို့ ပြောပါ။

တကယ်မလုပ်နိုင်ရင် — မလုပ်နိုင်ဘူးလို့ ပြောပါ။

Interview အောင်ချင်လို့ အကုန် “လုပ်နိုင်တယ်၊ ရတယ်” လို့ မပြောပါနဲ့။ နားမလည်တာကို ခန့်မှန်းပြီး “ရပါတယ်” လို့ မဖြေဘဲ ပြန်မေးပါ။


သာမန်အလုပ်အခက်အခဲကြောင့် တစ်ဖက်သတ်ပြန်ချင်တာ

Singapore အိမ်အကူအလုပ်မှာ အောက်ပါသာမန်အခက်အခဲတွေ ဖြစ်နိုင်ပါတယ်။

  • လူပင်ပန်းတာ

  • စိတ်ပင်ပန်းတာ

  • အိမ်ရှင်က အမှားကို ဆူတာ၊ ပြန်ပြင်ခိုင်းတာ

  • ကိုယ်မတတ်သေးတာကို သင်ပေးတာ

  • ကိုယ်လုပ်နေကျပုံစံနဲ့ မတူလို့ ပြန်လေ့လာရတာ

  • အိမ်လွမ်းတာ

  • ပျင်းတာ

  • မိသားစုကို သတိရတာ

ဒီလိုအခက်အခဲတွေကြောင့် ချက်ချင်း “မလုပ်ချင်တော့ဘူး၊ ပြန်မယ်” လို့ တစ်ဖက်သတ်ဆုံးဖြတ်တာ မလုပ်သင့်ပါဘူး။

ဒီသတ်မှတ်ချက်က အိမ်အကူကို အတင်းအလုပ်လုပ်ခိုင်းဖို့ မဟုတ်ပါဘူး။ Singapore အိမ်အကူအလုပ်ဟာ စိတ်ပြောင်းတာနဲ့ ချက်ချင်းသွား၊ ချက်ချင်းပြန်လို့ရတဲ့ အလုပ်မဟုတ်ဘူးဆိုတာကို မသွားခင်ကတည်းက နားလည်ထားဖို့ ဖြစ်ပါတယ်။


တကယ်ဆက်လုပ်လို့ မရတော့ရင်

အလုပ်အဆင်မပြေဖြစ်လာရင် ချက်ချင်းအိမ်ပြောင်းပေးတာ မဟုတ်ပါဘူး။ အရင်ဆုံး အောက်ပါအတိုင်း စစ်ဆေးညှိနှိုင်းပါတယ်။

  • နှစ်ဖက်လုံးကို နားထောင်မယ်

  • မသွားခင်ပြောထားတာကို ပြန်ကြည့်မယ်

  • ပြဿနာရဲ့အကြောင်းရင်းကို ကြည့်မယ်

  • ပြင်လို့ရရင် ညှိနှိုင်းမယ်

  • သင်ယူဖို့လိုရင် အချိန်ပေးမယ်

နှစ်ဖက်လုံးကြိုးစားပေမယ့် တကယ်မကိုက်ညီရင်

ဘယ်သူ့အပြစ်မှမဟုတ်ဘဲ အလုပ်လုပ်ပုံ၊ ဆက်ဆံပုံ သို့မဟုတ် အိမ်ရဲ့လိုအပ်ချက်နဲ့ အိမ်အကူရဲ့ အတွေ့အကြုံ မကိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင် အိမ်အကူအပြစ်လို့ မသတ်မှတ်ပါဘူး။

အိမ်ရှင်ဘက်

၂ လစာ

mingalarSG

၂ လစာ

အခြေအနေသင့်တော်ရင် အိမ်အကူဘက်ကိုလည်း Singapore မှာ အိမ်ရှင်အသစ်ပြန်ရှာပေးဖို့ ကူညီနိုင်ပါတယ်။


Singapore မှာ အိမ်ရှင်အသစ်ပြန်ရှာပေးရင်

အိမ်အကူဘက်က ပြင်းထန်တဲ့ပြဿနာမရှိဘဲ အရင်အိမ်ရှင်နဲ့ တကယ်မကိုက်ညီတော့တာ ဒါမှမဟုတ် အိမ်ရှင်ဘက်က အကြောင်းပြချက်ကြောင့် ဆက်လုပ်လို့မရတော့တာဆိုရင် အိမ်ရှင်အသစ်ရှာပေးဖို့ ကူညီနိုင်ပါတယ်။

အိမ်ရှင်အသစ်ရှာနေတဲ့အချိန်မှာ Singapore က အေးဂျင့်စီစဉ်ထားတဲ့ နေထိုင်ရာနေရာမှာ တစ်လခန့်အထိ နေထိုင်စောင့်ဆိုင်းရနိုင်ပါတယ်။

  • အိမ်ရှင်အသစ်တွေနဲ့ Interview ဖြေရမယ်

  • ကိုယ့်အတွေ့အကြုံကို အမှန်အတိုင်းပြောရမယ်

  • မလုပ်ဖူးတာ၊ မလုပ်နိုင်တာကို ပွင့်ပွင့်လင်းလင်းပြောရမယ်

  • အိမ်အသစ်ရဲ့ အလုပ်တာဝန်တွေကို နားလည်ပြီးမှ လက်ခံရမယ်


အိမ်အကူဘက်က ပြင်းထန်တဲ့ပြဿနာဖြစ်ရင်

အောက်ပါအခြေအနေမျိုးဆိုရင် Singapore မှာ အိမ်ရှင်အသစ်ဆက်ရှာပေးမယ့်အစား ရန်ကုန်ပြန်လာရနိုင်ပါတယ်။

  • သင့်တော်တဲ့အကြောင်းပြချက်မရှိဘဲ အလုပ်မလုပ်တော့တာ

  • မသွားခင်သဘောတူထားတဲ့ အဓိကအလုပ်တွေကို အကြိမ်ကြိမ်ငြင်းတာ

  • သင်ပေးတာကို လုံးဝမလေ့လာချင်တာ

  • သင့်တော်တဲ့ အလုပ်ညွှန်ကြားချက်တွေကို တမင်မလိုက်နာတာ

  • ခိုးယူတာ

  • ပြင်းထန်စွာ လိမ်ညာတာ

  • ပြင်းထန်တဲ့ စည်းကမ်းဖောက်ဖျက်မှုလုပ်တာ


မသွားခင် သေချာစဉ်းစားပါ

Singapore အိမ်အကူအလုပ်ဟာ “သွားကြည့်မယ်၊ မကြိုက်ရင် ပြန်လာမယ်” ဆိုပြီး စမ်းသွားရတဲ့အလုပ် မဟုတ်ပါဘူး။

  • ဒီအလုပ်ကို တကယ်လုပ်နိုင်မလား?

  • ပင်ပန်းရင်လည်း ကြိုးစားဆက်လုပ်နိုင်မလား?

  • အိမ်လွမ်းရင်လည်း စိတ်ထိန်းပြီး ဆက်ကြိုးစားနိုင်မလား?

  • အိမ်ရှင်သင်ပေးတဲ့ပုံစံကို လေ့လာနိုင်မလား?

  • နှစ်နှစ်စာချုပ်ကို အတတ်နိုင်ဆုံးပြီးအောင်လုပ်ဖို့ စိတ်ရှိလား?

အလုပ်မှာ အခက်အခဲရှိရင် တစ်ယောက်တည်းဆုံးဖြတ်ပြီး ချက်ချင်းမပြန်ပါနဲ့။ စောစောပြောပါ။ ဆက်လုပ်နိုင်ရင် အဆင်ပြေအောင် ညှိနှိုင်းပေးပါမယ်။ တကယ်မကိုက်ညီရင် အခြေအနေသင့်တော်သလို အိမ်ရှင်အသစ်ရှာပေးဖို့ ကူညီပါမယ်။