ဘယ်နှလဖြတ်မလဲ?
လူသစ်
၄ လဖြတ်
Singapore မှာ အိမ်အကူအလုပ် မလုပ်ဖူးသေးတဲ့သူ
လူဟောင်း
၂ လခွဲဖြတ်
Singapore အိမ်အကူအတွေ့အကြုံရှိပြီး လစာ S$600 နှင့်အထက်ရသူ
ကြိုတင်ငွေပေးရမလား?
မပေးရပါဘူး
သတ်မှတ်ထားတဲ့ လဖြတ်အကြွေးက အကုန်အပြီးအစီးဖြစ်ပြီး Singapore မသွားခင် တပြားတချပ်မှ ကြိုတင်ပေးစရာမလိုပါဘူး။
အလုပ်ရပြီး လစာစရတဲ့အချိန်မှ သတ်မှတ်ထားတဲ့လအတိုင်း လစာထဲက ဖြတ်ဆပ်သွားမှာပါ။
ဘယ်လိုတွက်မလဲ?
မိမိရတဲ့ အခြေခံလစာအတိုင်း လဖြတ်တွက်ပါတယ်။
လူသစ်
လစာ S$600
S$600 × 4 လ
စုစုပေါင်း
S$2,400
Singapore အတွေ့အကြုံရှိသူ
လစာ S$600
S$600 × 2.5 လ
စုစုပေါင်း
S$1,500
လဖြတ်ကာလပြည့်သွားရင်?
သတ်မှတ်ထားတဲ့ လဖြတ်ကာလပြည့်သွားရင် အကြွေးက ပြီးဆုံးသွားပါတယ်။
ဘာကြောင့် လဖြတ်စနစ်နဲ့ စီစဉ်ထားတာလဲ?
Singapore သွားဖို့အတွက် အောက်ပါကုန်ကျစရိတ်တွေ ရှိနိုင်ပါတယ်။
လိုအပ်တဲ့ စာရွက်စာတမ်းများ
Passport ဆိုင်ရာ ပုံမှန်ကုန်ကျစရိတ်များ
လိုအပ်တဲ့ ဆေးစစ်မှုများ
Singapore သွားရမယ့် ခရီးစရိတ်
အလုပ်ရရှိရေးအတွက် လိုအပ်တဲ့ တခြားစီစဉ်မှုများ
အဲဒီကုန်ကျစရိတ်တွေကို လျှောက်ထားသူဘက်က Singapore မသွားခင် ငွေအများကြီးထုတ်ပေးရတာ မဖြစ်စေချင်လို့ အလုပ်ရပြီးမှ လစာထဲက ဖြတ်ဆပ်နိုင်တဲ့ပုံစံနဲ့ စီစဉ်ထားတာပါ။
မလျှောက်ခင် သေချာသိထားပါ
လျှောက်ထားသူတိုင်းကို အောက်ပါအချက်တွေကို အစကတည်းက ရှင်းပြပေးပါတယ်။
ဘယ်နှလဖြတ်မယ်
စုစုပေါင်း ဘယ်လောက်ဖြစ်မယ်
ဘယ်လိုတွက်မယ်
ဘယ်အချိန်ကစပြီး ဖြတ်မယ်
အလုပ်နဲ့ လဖြတ်စနစ်ကို နားလည်ပြီးပြီလား?
လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး Singapore အိမ်အကူအလုပ်သွားလုပ်ဖို့ တကယ်စိတ်ဝင်စားတယ်ဆိုရင် လျှောက်လွှာဖြည့်နိုင်ပါတယ်။